လားရှိုး ဒီဇင်ဘာ ၂၂
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်အတွက် အသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ရေးအစ္စည်းများကို ယမန်နေ့က အဆိုပါဆေးရုံကြီးရှိ ခန်းမဆောင်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ၌ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေး ပစ္စည်းများ (၁၀၀)၊ စောင်အထူ (၁၀၀)၊ အိပ်ရာခင်း (၁၀၀)၊ မွေ့ရာ (၅၀)ခု၊ Masks ၃၀၀ ခု၊ တာပေါ်လင်လိပ်တစ်အကျယ် (၆)ပေရှိ၊ ပေ (၃၀၀) (၃လိပ်)၊ အထပ်သား အကန့်နံရံ ၅၀ ခု၊ ဟိုက်ဒရောလစ်တံခါး (၁)ခု၊ ICU တွင် ပီဗီဒီ နှင့် အာလူမီနီယံသုံးထားသော အကာနံရံ (၁)ခုတို့အား International Committee of The Red Cross (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပေးအပ်ခဲ့ရာ လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်မောက်ညွန့်၊ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)