ကြံခင်း ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ သာသနာ့ဗိမာန်တွင် Quarantine ဝင်နေသူများကို မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် Light House Social Development Organization Ayarwaddy အဖွဲ့တို့ပူးပေါင်းပြီး တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ သာသနာ့ဗိမာန် Quarantine Centerသို့ သွားရောက်လှုဒါန်း ခဲ့ကြကြောင်း သိရသည်။
အဆိုပါလှုဒါန်းမှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒု-ဦးစီးမှုး ဦးအေးချမ်းစိုးနှင့် တာဝန်ရှိသူများထံသို့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် Light Hourse Social Development Organization Ayarwaddy အဖွဲ့ကိုယ်စား ကြံခင်းမြို့နယ် တာဝန်ခံ ဒေါ်မိုးစန္ဒာဝင်းက တစ်ကိုယ်ရည်သုံး ပစ္စည်း(၄)မျိုးပါ (၅)စုံအား ပေးအပ်လှုဒါန်းပေးခဲ့ကြောင်းနှင့် သာသနာ့ဗိမာန်တွင် Quarantine ဝင်နေသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် လှုဒါန်း ပေးခြင်းဖြစ်ကြောင်းနှင့် Quarantine Center ဝင်နေသူကျား(၂) ဦးနှင့် မ(၃)ဦးရှိကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)