မြင်းခြံ ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကြောင်း မိတ်ဆက်ရှင်း လင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ယမန်နေ့က မြင်းခြံမြို့နယ် ရွာသာယာကျေးရွာ၊ ရသာ ကျေးရွာနှင့် ဖက်ရင်း ကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။
အခမ်အနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ကျေးရွာပြည်သူများမှ ကော်မတီ ရွေးချယ် ပေးခဲ့ကြသည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) စီမံကိန်း မိတ်ဆက် ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ (၁၅) ရွာဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀) စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)