ဟိုင်းကြီးကျွန်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နေပြည်သူများ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဟိုင်းကြီးကျွန်း  ဒီဇင်ဘာ  ၂၂

ဧရာ၀တီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းပြီး ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃) ရပ်ကွက်အတွင်းရှိ စျေးများ၊ လူသွားလူလာများသော လမ်းဆုံ လမ်းခွများနှင့် Facility Quarantine Center များတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ပျံ့နှံ့မှုမြင့်တက်နေသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်လည်း ရောဂါဖြစ်ပွား မှုမြင့်တက်လျက်ရှိရာ ဟိုင်းကြီးကျွန်းမြို့နေ ပြည်သူများ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွား လာခြင်းမရှိပါက တစ်ဦးလျှင်ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် အမှတ် (၃)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(အဏ္ဏဝါ)တွင် ဖွင့်လှစ်ထားသော Facility Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။

လှိုင်မျိုးအောင်(ပြန်ဆက်)