ဖားဆောင်း ဒီဇင်ဘာ ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး “Talk Show’’ ကိုယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး “Talk Show” ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကာလတွင် မိမိတို့၏နေအိမ်၌ “stay home” နေထိုင်သည့် ပြည်သူလူထုများအား Online ဖြင့် အသိပညာဗဟုသုတ ရရှိစေရန်နှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ မဖြစ်ပွားစေရန် ဖြစ်ကြောင်း ပြောကြားပြီး၊မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်က ဌာန၏ ရည်ရွယ်ချက်၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အမျိုးသမီး အကြမ်းဖက်မှု အမျိုးအစားများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟူ၍ အမျိုးအစားများရှိကြောင်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရန် နည်းလမ်းများ၊ အမျိုးသမီး အကြမ်းဖက်ခံရမှု မဖြစ်ပွားစေရန် အသိပညာပေး လုပ်ငန်းများ၊ အကြမ်းဖက်ခံရမှု ဖြစ်ပွားပါက မိမိတို့ဌာနမှ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးမှုများ၊ စောင့်ရှောက်ပေးမှုများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)