မိုင်းရယ်၌ အမျိုးသမီးများငွေစုငွေချေးဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

မိုင်းရယ် ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ Network Activities Group  (NAG)မှ အမျိုးသမီးများ ငွေစုငွေချေးဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Network Activities Group  (NAG)မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးပြုံးချိုမှ အမျိုးသမီးများ ငွေစုငွေချေး ဆွေးနွေးပွဲပြုလုပ်ခြင်း ရည်ရွယ်ချက်များနှင့် လက်ရှိငွေ စုငွေချေးအဖွဲ့များ၏ လည်ပတ်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Network Activities Group (NAG)မှ ဒေါ်နန်းလိန်ခမ်း (Gender M&E Facilitator)မှ ကျေးရွာများ၏ ငွေစုငွေချေး အဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော အခက်အခဲများအား ဖော်ထုတ်ခြင်းနှင့် ဖြေရှင်းရန်နည်းလမ်းများကို (အုပ်စုဖွဲ့ဆွေးနွေးခြင်း) (အုပ်စုအလိုက်ပြန်လည်တင်ပြခြင်း)များ ပြုလုပ်ခဲ့သည်။

ငွေစုငွေချေးနှစ်ပါတ်လည်အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့များ အားတက်သရော တက်ရောက်လာကြသော ကျေးရွာ ကိုယ်စားလယ်များမှ ကြည့်ရှုလေ့လာခြင်းနှင့် မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့သော ငွေစုငွေချေးအဖွဲ့များအား တက်ရောက်လာကြသော ကျေးရွာကိုယ်စားလည်များမှ မဲပေးပြီး ပထမ၊ ဒုတိယ၊ တတိယဆုများအတွက် ရွေးချယ်ပေးခြင်းနှင့် ရွေးချယ်ရခြင်းအပေါ်ပြန်လည်တင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး ဆုရရှိသော ငွေစုငွေချေးအဖွဲ့များအား ဆုပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါအခမ်းအနားကို Network Activities Group (NAG)မှ ဝန်ထမ်းများနှင့် မိုင်းရယ်မြို့နယ်အတွင်းရှိ ရွာပေါင်း (၂၃)ရွာမှ ကျေးရွာကိုယ်စားလည်(၅၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ပိုင်ပိုင်သွင် (မြို့နယ် ပြန်/ဆက်)