အိမ်မဲမြို့ ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသော လူနာ(၂)ဦး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

အိမ်မဲ  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသော လူနာ(၂)ဦးမှာ ယမန်နေ့က ရောဂါများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

"အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာ(၂)ဦးဟာ ယနေမှာ ရောဂါများ သက်သာပျောက်ကင်းတဲ့အတွက် ယာယီဆေးရုံကနေ ဆင်းခွင့်ရရှိတာပါ။ သူတို့ကို နေအိမ်များမှာ (၇)ရက်အသွားအလာ ကန့်သတ်နေထိုင်သွားဖို့ကို မှာကြားခဲ့ပြီး နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့တာဖြစ်ကြောင်း" အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးနေဝင်းအောင် ကပြောသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ယနေ့အထိ (၄၈)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၄၈)ဦးနှင့် ဆေးရုံတက်ရောက် ကုသနေသူမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)