အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကလော ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်း အဆင့်များ၏ ရည်ရွယ်ချက်များဖြစ်သည့် လူမှုဝန်ဆောင်မှုများနှင့် (Client) အရည်အသွေးနှင့် စွမ်းဆောင်မှု တိုးတက်လာစေရန်၊ Clients များအတွက် လူမှုရေးချိတ်ဆက်မှုများနှင့် သင့်လျော်သည့် ဝန်ဆောင်မှု၏ အရည်အသွေးများ ပိုမိုတိုးတက်ထိရောက်စေပြီး အကျိုးရှိသည့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကလောမြို့နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဆရာမကြီး ဒေါ်နွယ်နွယ်ကို က GBV လုပ်ငန်းစဉ် သက်ငယ်မုဒိမ်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဦးလှနိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စောမြတ်သစ္စာ နှင့် မြို့နယ်ဥပဒေအရာရှိ ဦးမိုးဝင်းအောင်တို့က ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း GBV နှင့်ပတ်သက်၍ ဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းမော် (ပြန်/ဆက်)