မိုင်းခတ် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲနှစ်ထပ်နှင့် စည်ပင်သာယာရေး ကော်မတီရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က အဆိုပါရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုနှင့် အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစဲကီကော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်နှင့် ဦးအားမဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြသောင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးဆိုင်းဘုတ်အား အန္တရာယ်ကင်းပရိတ်ရေ ပတ်ဖျန်းပေးခဲ့သည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့သည်။
အဆိုပါဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲနှစ်ထပ်နှင့် စည်ပင်သာယာရေးကော်မတီရုံးသစ် အဆောက်အဦမှာ အလျား (၃၆)ပေ၊ အနံ (၃၅)ပေ၊ အမြင့် (၂၂)ပေရှိပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ဖြည့်စွက်ရန်ပုံငွေကျပ် ၈၇ဒဿမ၁၂သန်းဖြင့် Rocky Planet Group ဆောက်လုပ်ရေးကုမ္ပဏီ က တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)