ကာမိုင်းမြို့၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ကာမိုင်း    ဒီဇင်ဘာ    ၂၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောက်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ဖားကန့်မြို့နယ်သည် Stay At Home သတ်မှတ်ထား  သောမြို့နယ်တစ်ခုဖြစ်၍ ကချင်ပြည်နယ်အတွင်း၌ ပိုးတွေ့လူနာအများဆုံး မြို့နယ်ဖြစ်ပြီး ကာမိုင်းမြို့၌ လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် လူစည်ကားရာနေရာ များဖြစ်သည့် စည်ပင်သာယာဈေး၌ ဈေးရောင်း ဈေးဝယ်ကြသည့်ပြည်သူများ၊ လမ်းဆုံလမ်းခွနေရာ များတွင် လမ်းသွားလမ်း လာကြသည့် ပြည်သူများအား နှာခေါင်းစည်းမဖြစ်အနေ တပ်ဆင်ရေး(Mask Campaign)ကို မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်မိ/ရပ်ဖများပူးပေါင်း၍ နှာခေါင်းစည်း (၅၀၀)ခုကို အခမဲ့ဝေငှပေးပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉နှင့် ပတ်သက်သည့် အသိပညာပေး တေးသီချင်းများဖြင့် သရုပ်ဖော်ကပြပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)