ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များ ကျန်းမာရေးညွှန်ကြားချက်နှင့် အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ဒီးမော့ဆို ဒီဇင်ဘာ ၂၂

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်နှင့် အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြို့နယ်စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ စီစစ်ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ စီစစ်ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင် ၁၅ ဆိုင်အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး ဆိုင်ရှင်များအား ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရောင်းချကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)