ညောင်တုန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (CSR) ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း          ဒီဇင်ဘာ            ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့၏ ရေနံ ဓာတ်ငွေ့ရည်လုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ လူမှု့ရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းနားကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၂)၊ (၃) ရေနံဓာတ်ငွေ့စက်ရုံ (ညောင်တုန်း) ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက အမှာ စကားပြောကြားခဲ့ပြီး အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံမှ စက်ရုံမှူး ဦးအောင်စိုးနိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့သည် ရေနံဓာတ်ငွေ့ရည် လုပ်ငန်းအား နှစ်ရှည်ငှားရမ်း၍ အကျိုးအမြတ်ခွဲဝေသော စနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး နှစ်စဉ် ရရှိသည့် အကျိုးအမြတ်ရဲ့ ၁ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုရန်အတွက် ယခုလို ရန်ပုံငွေပေးအပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးလှိုင်ဦးနှင့် အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံမှ စက်ရုံမှူး ဦးအောင်စိုးနိုင်တို့က ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၂၂,၃၅၁,၀၀ဝိ/- ကျပ်တို့အား ပေးအပ်ခဲ့ရာ ကညင်ကောက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့် ကျေးရွာအဖွဲ့ဝင်များက လက်ခံရယူပေးခဲ့သည်။

အဆိုပါ လှူဒါန်းပေးအပ်ခဲ့သော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  ချောင်းဖျားကြီး-ဝါးကုန်းကျေးရွာချင်း ဆက်လမ်း အရှည် ၅၆၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအတွက် ၉၈၉၀,၀၀၀ ကျပ်၊ ရိုးကြီး-ဆင်ကူး-ဝါးကုန်းအသင်း ကျေးရွာချင်းဆက်လမ်း အရှည် ၅၆၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်လမ်းခင်းခြင်းအတွက် ၉၈၉၀၀၀၀ ကျပ်နှင့် ရိုးကြီးကျေးရွာ ကျေးလက် ဆေးပေးခန်း ခြံစည်းရိုးကာရံခြင်း အရှည် ၄၀၀ ပေအတွက် ၂,၅၇၁,၀၀ဝိ/- ကျပ်တို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)