ဒီးမော့ဆို ဒီဇင်ဘာ ၂၂
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများအား သောက်သုံးရေ သွားရောက်လှူဒါန်း လျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်က ဒေါဖုကျေးရွာအုပ်စု ဒေါဆိုခူကျေးရွာတွင် ရေဂါလံ ၂၂၅၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများအား ဌာနမှ ရရှိသော ရန်ပုံငွေဖြင့် ရေများ သွားရောက်လှူဒါန်းလျက်ရှိပြီး ဒီဇင်ဘာလအတွင်း ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာတွင် သောက်သုံးရေ ၃ ကြိမ်၊ ဒေါဖုကျေးရွာအုပ်စု ဒေါဆိုခူကျေးရွာတွင် သောက်သုံးရေ ၂ ကြိမ် စုစုပေါင်း ၅ ကြိမ် သွားရောက်လှူဒါန်းသွားမည်ဖြစ်ကာ သောက်သုံးရေ လိုအပ်သော ကျေးရွာများကိုလည်း ဆက်လက် လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေထွန်း ထံမှ သိရသည်။
ရီရယ်(ဒီးမော့ဆို)