တံတားဦးမြို့နယ် အနှိုင်းမဲ့ပါရမီ လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံများနှင့် အလှူငွေများ လှူဒါန်း

တံတားဦး  ဒီဇင်ဘာ  ၂၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အနှိုင်းမဲ့ပါရမီ လူမှုကူညီရေးအသင်းသို့ ကျန်းမာရေးလုပ်ငန်းများ အသုံးပြုရန် အတွက် PPE ဝတ်စုံများနှင့် အလှူငွေလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ()နာရီက လူမှုကူညီရေးအသင်းရုံးသို့ အလှူရှင်များ က အသီးသီးလာရောက်လှူဒါန်းကြကြောင်းသိရသည်

ထိုသို့လှူဒါန်းရာမှာ တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် တံတားဦးမြို့ ရေလည်ကွေ့ရပ် ဦးမောင်မောင်ဒေါ်တင်အေး (တော်ဝင်ရတနာ ရွှေဆိုင်) မိသားစုမှ PPE ဝတ်စုံ (၂၀)စုံ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကိုမျိုးမျိုးသန်မကြူကြူပြုံး (တိုးတက်လင်း သင်္ကန်းတိုက်) မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ  တံတားဦး အထကတွဲလက်များသူငယ်ချင်းအဖွဲ့မှ အလှူငွေကျပ်()သိန်းတို့ကို အသီးသီးလာရောက်လှူဒါန်းကြရာ အနှိုင်းမဲ့ပါရမီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်

အနှိုင်းမဲ့ပါရမီလူမှုကူညီရေးအသင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွင် အဓိကပါဝင်ကူညီဆောင်ရွက် နေပါကြောင်း ဒါ့အပြင် ကျန်းမာရေးလုပ်ငန်းအပြင် လူမှုကူညီရေးလုပ်ငန်းများ  Community  Based Facility Quarantine Centre ထားရှိသူများအတွက် နေ့စဉ်စားရေးသောက်ရေး အဆင်ပြေစေရန် တက်တက်ကြွကြွပါဝင် လှုပ်ရှားဆောင်ရွက်နေခြင်းကြောင့် ယခုလိုလာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း တံတားဦး အထကတွဲလက်များ သူငယ်ချင်းအဖွဲ့မှ  ကိုကျော်စွာမြင့်မှပြောပြ၍သိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)