တောင်သာ ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်သာ-မိတ္ထီလာကားလမ်း ကျောက်ချောကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စစ်ဆေးရေးစခန်းတွင် ကုန်တင်ယာဉ်(၇၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက် (၁၄၉)ဦးကို Rapid Test Kit ဖြင့်စစ်ဆေးလျက်ရှိရာ ယမန်နေ့က မြင်းခြံမြို့နယ်မှအခြားတိုင်း ဒေသကြီးသို့ သွားရောက်မည့်(၁၂)ဘီး ကားတစ်စီးမှယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူမှာ အသက်(၁၈)နှစ်အရွယ် မြင်းခြံမြို့နယ် ကုက္ကဲကျေးရွာဇာတိဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်အား မြင်းခြံမြို့ပြည်သူ့ဆေးရုံသို့ပြောင်းရွှေ့ဆေးကုပေးနိုင်ရေး ပို့ဆောင်ထားကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)