နွားထိုးကြီး ၊ ဒီဇင်ဘာ ၂၂
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအား နိုင်ငံတော် အစိုးရမှ အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများပေး အပ်ပွဲ ကို ယနေ့နံနက် ၉ နာရီက အမှတ်(၅ရပ်ကွက်၊ဓမ္မာရုံနှင့် အမှတ် (၇) ရပ်ကွက်ဓမ္မာရုံ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ငြိမ်းက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ များ ပေးအပ်ရာတွင် တိကျမှန်ကန်မှုရှိစေရန်နှင့် အလွဲသုံးစားမှုများမ ဖြစ်ပေါ်စေရန်အတွက် ဌာနဆိုင်ရာ အကြီးအကဲ များက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အမှတ်(၅)ရပ်ကွက်မှ(၆၀)ဦး၊ အမှတ်(၇) ရပ်ကွက် မှ (၈၆)ဦး၊စုစုပေါင်း(၁၄၆)ဦး တို့အား (၂၉၂၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလော အဆင်ပြေစေရေး အတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ရပ်ကွက်၊ကျေးရွာ အုပ်စု (၇၂) အုပ်စုမှ အိမ်ထောင်စု (၁၁၃၂၂) စုတို့အတွက် ငွေကျပ်သိန်းပေါင်း (၂၂၆၄၄၀၀၀၀) ကိုဌာနဆိုင်ရာ အကြီးအကဲများ ထံလွဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများသို့သွားရောက်ပြီး ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ငွေများ ကို ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သန်းအောင်ဇော်