နောင်တရား ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင်း၌ ဒေသခံ ပြည်သူများက ယနေ့ နံနက်ပိုင်းတွင် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နောင်တရားမြို့မဈေးသို့ လာရောက်ဈေးရောင်း၊ ဈေးဝယ်သူများကို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ် စေရေးအတွက် Mask နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်သည်။ မိမိအိမ်ပြင်ပသို့ ထွက်ခွာလာ တိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်အသုံးပြုစေရေး အတွက် နှာခေါင်းစည်း တပ်ဆင်မှု မရှိသူများကို နှာခေါင်းစည်းများ တပ်ဆင်ရေးအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းကို နောင်တရားမြို့၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်း၍ နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှု ပုံမှန်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)