မတ္တရာမြို့နယ်ရှိ နိုင်ငံတော် အရန်ရိက္ခာဆီများ သိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေး

မတ္တရာ  ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နိုင်ငံတော်အရန်ရိက္ခာဆီ တန်ချိန် (၅၉)တန် သိုလှောင်ထားရှိမှုအား လျော့နည်းပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ် အရေးပေါ်ရိက္ခာဆီ လက်ခံ၊ သိုလှောင်ထိန်းသိမ်းရေးအဖွဲ့များမှ ယနေ့ မွန်းလွဲ ၁၂နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမှုန်းမြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော် အရန် ရိက္ခာဆီအဖြစ် ဖြန့်ဝေနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး  အမျိုးသားအဆင့် ဗဟိုကော်မတီ ခွင့်ပြုချက်ဖြင့် သုံးစွဲနိုင်ရေးအတွက် မတ္တရာမြို့နယ်တွင် နိုင်ငံတော်အရန် ရိက္ခာဆီ တန်ချိန် (၅၉)တန် တစ်ဆယ် ပိဿာဝင်ပုံး(၃၆၇၅)ပုံးအား ဇူလိုင်လမှ စတင်လက်ခံ၍ ဇေယျာသန မစိုးရိမ်ကျောင်းတိုက်တွင် သိုလှောင် သိမ်းဆည်းထားရှိခဲ့သည်။ 

အဆိုပါ သိုလှောင်ထားသော အရန်ရိက္ခာဆီများ လျော့နည်းပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ပြင်ဦးလွင် ခရိုင်စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသက်လွင်ထူးနှင့် ဝန်ထမ်းများ၊ မတ္တရာမြို့နယ်အရေး ပေါ်ရိက္ခာဆီ လက်ခံ၊ သိုလှောင် ထိန်းသိမ်းရေးအဖွဲ့များမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)