ဟင်္သာတမြို့နယ်၌ မြစ်ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုများကို ထောက်ပံ့ငွေများပေးအပ်

ဟင်္သာတ ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာမှ အိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေများပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါကျေးရွာများတွင် ယခုလ ဒီဇင်ဘာ ၁၃ ရက်နေ့မှ  ဒီဇင်ဘာ ၁၈ ရက်အတွင်း ကမ်းပြိုဘေးကြောင့် လူနေအိမ်(၂၀)လုံး ​ကြိုတင်ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါနေအိမ်များ အတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ကျပ်(၁၀၀၀၀၀)နှုန်းဖြင့် စုစုပေါင်း အိမ် ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ ကျပ်(၂၀၀၀၀၀၀)နှင့် အိမ်ထောင်စုများရှိ လူဦးရေ(၈၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံ​ငွေ ကျပ်(၁၇၈၅၀၀) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေကျပ် (၂၁၈၇၅၀၀)ကို ဟင်္သာတခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ကျော်ကျော်(ပြန်/ဆက်)