ကွမ်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)ရွာအတွက် ဆိုလာမီးနှင့် ဆန်အိတ်များထောက်ပံ့

ကွမ်းလုံ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ(၂၂)အတွက် အလှူရှင်များမှ ထောက်ပံ့ လှူဒါန်း သော ဆိုလာမီးနှင့် ဆန်အိတ်များကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က ကြူကော်ယွင်ကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ထောက်ပံ့ပေးအပ်ခဲ့သည်။

ကွမ်းလုံမြို့နယ်ရှိ ကျေးရွာ(၂၂)ရွာအတွက် တစ်ရွာလျှင် ဆိုလာမီး(၁)စုံနှင့် ဆန်(၁၀)အိတ် စုစုပေါင်း ဆိုလာမီး (၂၂) စုံ နှင့် ဆန်အိတ်(၂၂၀)အိတ်နှင့် အားကစားပစ္စည်းများအား ပေးအပ်ထောက်ပံ့ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ခံရရှိခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)