မြစ်သားမြို့၌ အမျိုးသမီးကော်မတီမှ အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်သား   ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အမျိုးသမီးကော်မတီမှကျင်းပ ပြုလုပ်သည့် အသိ ပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အင်းရင်းကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာန ဒေါက်တာနေခြည်သိန်းဝင်းက အမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့်သား အိမ်ခေါင်းကင်ဆာအကြောင်းသိကောင်းစရာများကိုလည်းကောင်း ၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်စန်းသီတာမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဥပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စန်းညွန့်က အမျိုးသမီးများနှင့် ပတ်သက်သည့် အခွင့်အရေးများ၊ ရပိုင်ခွင့်များ အမျိုးသမီးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီးဟောပြော ဆွေးနွေးကြရာ တက်ရောက်လာသော ဒေသခံအမျိုးသမီးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြပြီး မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်   မြို့နယ်အဆင့် ဌာနဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြမြမွန်(ပြန်/ဆက်)