ကန်ကြီးထောင့် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျ ရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အတွက် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများမှလည်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုပြောကြားပေးကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်မည့် နေရာရွေးချယ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ထွန်းညှိခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်သွား မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး လွတ်လပ်ရေးနေ့အခမ်းအနားကို အမှတ် (၁)ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ပန်းခြံတွင် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ချက်ချခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အစည်း အဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နန်းထိုက်(ပြန်/ဆက်)