ကျောက်မဲ ဒီဇင်ဘာ ၂၃
ကျောက်မဲမြို့ပေါ် ရှိ စားသောက်ဆိုင်ကြီး ၄ ဆိုင်သည် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည့် စည်းကမ်းချက်၊သတ်မှတ်ချက် ဗားရှင်း 2.0 နှင့်အညီ ဆောင်ရွက်ထားသောကြောင့် အဆိုပါဆိုင်များအား ယနေ့မှ စတင်၍ ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ပေါင်း ၁၃၉ ဆိုင် ရှိပြီး အဆိုပါ ဆိုင်များ ထဲမှ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလိုကြောင်း တင်ပြထားသည့် ၃၄ ဆိုင်အနက် တာဝန်ရှိ သူများ၏ စစ်ဆေးချက်အရ M II K ( အမ်တူးကေ) စားသောက်ဆိုင်၊ ပိတောက်ရိပ်( မြန်မာ ထမင်းဆိုင်)၊ ထိုက်သူစံ( ဟော့ပေါ့ဆိုင်) နှင့် Lwin Family ( လွင် ) စားသောက်ဆိုင်စသည့်ဆိုင် ၄ ဆိုင်သာ ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်၊ သတ်မှတ်ချက် Version 2.0 ကိုက်ညီ သောကြောင့် အဆိုပါ ဆိုင် ၄ ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ကနဦး ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး၏ ပြောကြားချက်အရ သိရ သည်။
ကျန်ရှိဆိုင်များသည်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် ၊ သတ်မှတ်ချက် Version 2.0 အညီ ဆောင်ရွက်ထားရှိပါကထပ်မံ၍ ဆိုင်ထိုင်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
မိုင်းထွန်း(ပြန်/ဆက်)