ဆီဆိုင်မြို့နယ်၌ တောင်သူအကျိုးပြု လယ်မြေဧက(၁၅၀၀)အကျိုးပြုသည့် နောင်အယ် ရေလွှဲဆည်(ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်း  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ

 

ဆီဆိုင် ဒီဇင်ဘာ       ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာ အုပ်စုအတွင်းရှိ ဘန့်ဗွီးချောင်းကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်)တည်ဆောက်ခြင်းနှင့် ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲက သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း တို့က အလျားပေ ၁၀၀၊ အနံ ၄၅ ပေ၊ အမြင့် ၁၀ ပေရှိ နောင်အယ်ရေလွှဲဆည် (ကျောင်းချယ်) တည်ဆောက်ခြင်းလုပ်ငန်း နှင့် အရှည်ပေ ၃၀၀၊ အကျယ် ၇၅ ပေ၊ အမြင့် ၈ ပေရှိ ရေဝပ် ဧရိယာတူးဖော်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်(၁၅၀)သန်းဖြင့် ကျေးရွာ(၅)ရွာမှ အိမ်ခြေ (၅၃၀)စု၊ လူဦးရေ(၂၅၀၀)ဦးခန့်အတွက် တောင်သူအကျိုးပြု လယ်မြေ ဧက(၁၅၀၀) ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)