လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကြေး အဆိုပြု လွှာ စာအိတ်(B)များ ဖွင့်ဖောက်စစ်ဆေး

 

လယ်ဝေး     ဒီဇင်ဘာ ၂၃

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်‌ဝေးမြို့နယ် အတွင်းဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အထက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ငွေကြေး အဆိုပြုလွှာစာအိတ်(B)များကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ် တင်ဒါကော်မတီ ဥက္ကဌနှင့်တာဝန်ရှိသူများ ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်တင်ဒါကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က ငွေကြေး အဆိုပြုလွှာစာအိတ်(B) အဆိုတင်သွင်းထားသည့်ကုမ္ပဏီများအား နည်းပညာ အဆိုပြု လွှာစာအိတ်(A)တွင် အမှတ်အများဆုံးရရှိထားသည့် ကုမ္ပဏီများကို ဦးစားပေးသွား မည်ဖြစ်ပြီး အဆိုပြုလွှာစာအိတ်(B)တွင် LOT တစ်ခုချင်းစီ၌ ငွေကြေးအနည်းဆုံးအဆိုပြု ထားသည့် ကုမ္ပဏီ များက တင်ဒါအောင်မြင်မည်ဖြစ်ကြောင်း‌ ပြောကြားသည်။ ထို့နောက် မြို့နယ် တင်ဒါ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ငွေကြေး အဆိုပြုလွှာ စာအိတ်(B)များ ဖွင့်ဖောက်စစ်ဆေးသည့်အခါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ငွေကြေးအဆိုပြုလွှာစာအိတ်(B)များ ဖွင့်ဖောက်စစ်ဆေးရာ LOT တစ်ခုချင်းစီတွင် ငွေကြေးအနည်းဆုံးအဆိုပြုထားသော ကုမ္ပဏီများက တင်ဒါအောင်မြင်ခဲ့ သည်။ ထို့နောက် မြို့နယ် တင်ဒါကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က တင်ဒါ အောင်မြင် ခဲ့ သည့်ကုမ္ပဏီများအား လုပ်ငန်းတိုင်းတွင် သတ်မှတ်ထားသည့် အရည် အသွေးနှင့် စံချိန်စံညွှန်းပြည့်မီအောင် လုပ်ကိုင်ဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့ ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)