ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်

ကလိန်အောင် ဒီဇင်ဘာ ၂၃ 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့ မြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ထောက်ခံချက်များစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင် သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စ၍ နံနက်(၅)နာရီမှ ည(၁၂)နာရီထိ အလှည့်ကျတာဝန်ချစနစ်ဖြင့် နေ့စဉ်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်(ကလိန်အောင်၊ပြန်ဆက်)