ကျောက်ဆည်မြို့နယ်တွင် အထက်တန်းအဆင့်ကျောင်းများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

ကျောက်ဆည်   ဩဂုတ်    ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာ အထက်တန်းကျောင်းခွဲနှင့် ညောင်ရွှေကျေးရွာ အထက်တန် းကျောင်းများအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဒေါက်တာရည်မွန်ကို၊ ဦးစီးအရာရှိ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးညွန့်ဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဒေါ်ဆုသစ္စာ ဒုတိယဦးစီးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများသည် ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား (၆) ပေ ခြား၍ထိုင်စေပြီး စာသင်ကြားနေမှု၊ Mask များ စနစ်တကျတပ်ဆင်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူ၊ ဖျားနာသူတွေ့ရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားမှု၊ ကျောင်းရှိလူများ အားလုံးအတွက် တစ်နေ့တာသုံးစွဲရန်၊ လုံလောက်သောရေရရှိနိုင်ရန် စီစဉ်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဒွေးလှအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၂) ဦးနှင့်  ညောင်ရွှေအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦး ပညာသင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ ဝိုင်းဝန်းကူညီဆောင်ရွက်မှသာ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းကပြောပြ၍ သိရသည်။

တင်တင်ထွေး (ခရိုင်ပြန်/ဆက်)