ငါ့သရောက်မြို့၌ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ငါ့သရောက် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဗိုလ်ချိုဈေးအတွင်း (ငါးရက်တစ်ကြိမ်ဈေး) လာရောက်ကြသည့် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ် တာဆီးနိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငါ့သရောက်မြို့ဗိုလ်ချိုဈေးအတွင်း ဈေးဝယ်ယူ/ရောင်းချနေသည့် ပြည်သူများအား နှာခေါင်းစည်း မဖြစ်မနေတတ်ဆင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ Mask နှင့် Face Shield များ အခမဲ့ ဖြန့်ဝေ တပ်ဆင်စေခြင်းများဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (၁၀၀၀) ခု၊ Face Shield (၁၀၀) ခုအား ဖြန့်ဝေ ပေးခဲ့ကြောင်း ငါ့သရောက်တိုက်နယ်ဆေးရုံမှ သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းကို ငါ့သရောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ငါ့သရောက် တိုက်နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)