နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီ တိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများထောက်ပံ့ပေးအပ်

 

နမ္မတူ ဒီဇင်ဘာ-၂၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းက နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု  (၁၁၄)စုမှ ကျား (၄၉)ဦး၊ မ (၃၄)ဦး၊ စုစုပေါင်း လူဦးရေ (၈၃)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ()ဦးလျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၈၀၄၃၀၀)ကျပ်အား ယာယီတိုက်ပွဲရှောင်ပြည်သူများသို့ ဆက်လက်ထောက်ပံ့ ပေးအပ်နိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိ သူများထံသို့ ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းထံက သိရှိရပါသည်။

လူမော် (ပြန်/ဆက်)