ရပ်စောက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)နှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများရွေးချယ်ခြင်းလုပ်ငန်း အစည်း အဝေး ပြုလုပ်

 

ရပ်စောက်      ဒီဇင်ဘာ        ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများအား ရွေးချယ်ခြင်း လုပ်ငန်း  အစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်ညီညီကျော်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်း တို့မှ အမှာစကား အသီးသီးပြောကြားပြီး တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ခရိုင် ဦးစီးမှူး ဦးရန်မျိုးနိုင် က မြစိမ်းရောင်စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ ကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့် စံသတ် မှတ်ချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်မြစိမ်းရောင်ကျေးရွာ အကောင်အထည်ဖော် ကြီးကြပ်ရေး ကော်မတီဝင်တို့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရပ်စောက်မြို့နယ် အတွင်းရှိ မြစိမ်း ရောင်စီမံကိန်း စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ၂-ယူနစ် ကျေးရွာ(၂)ရွာ နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ( ၁၈ )ရွာတို့ကို ရွေးချယ်အတည်ပြု ခဲ့ကြ ကြောင်းသိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)