နောင်ချိုမြို့နယ်တွင် အိမ်သုံးပစ္စည်းများနှင့် အမှတ်တံဆိပ်တူပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အိမ်သုံးပစ္စည်းများနှင့် အမှတ်တံဆိပ်တူပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းကာ ဂက်(စ်)မီးဖို၊ ရေပူချိုးစက်၊ ညှော်စုပ်စက်၊ အကင်စက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ အခြားအိမ်သုံးပစ္စည်းများနှင့် အမှတ်တံဆိပ်တူပစ္စည်းများသည် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လျက်ရှိသည့်အတွက် စျေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)