မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

မန်တုံ  ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များ ဒေသခံတိုင်းရင်းသားများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

မန်တုံ-မုံးဝီး-နမ့်ခမ်း၊ မန်တုံ-မိုးမိတ်၊ မန်တုံ-နမ့်ဆန်၊ မန်တုံ-နမ္မတူ လမ်းများတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များထားရှိကာ နေ့စဉ်ခရီးသွားမှတ်တမ်းများနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ကုန်စည်စီးဆင်းမှုများအတွက် ကားအဝင်အထွက်များအား ကြပ်မတ် စစ်ဆေးကာ မြို့သို့ ဝင်ရောက်လာသည့် ကားများအား ပိုးသတ်ဆေးများဖြန်းကာ ကားမောင်းနှင်လာသူအား ရောဂါကာကွယ်ရေး ပစ္စည်းများ ဝတ်ဆင်ပြီးမှ မြို့ထဲသို့ မောင်းနှင်ခွင့်အား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စည်းကမ်းချက်များ သတ်မှတ်ထားသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် အခြားသောဌာနဆိုင်ရာများက အလှည့်ကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူမောင်မောင်