မိုင်းခတ် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ပါကနှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေးလှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်ယာယီပျံကျစျေးအတွင်း ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အားကစားနှင့်ကာယပညာဦးစီဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ သက်ဝင်းမောင်၊ ကြက်ခြေနီအဖွဲ့ဝင် များက ဈေးရောင်း၊ ဈေး၀ယ် လာရောက်ကြသူများအား Mask ကို စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာ ပေးခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးခြင်း၊ မျက်နှာအကာများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသူ/ကျောင်းသားများက ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး သီချင်းများကို သရုပ်ဖော်အကများဖြင့် ကပြခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)