မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ(A)အဆင့် စားသောက်ဆိုင်များအားစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး အတွက် လိုက်လံစစ်ဆေး ပညာပေးဆောင်ရွက်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ ၂၃

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးလျက်ရှိပြီ (A)အဆင့် စံသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများ က ယနေ့နံနက် ၈ နာရီမှစတင် ကွင်းဆင်း စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် အဖွဲ့ပိုင်စျေးများ၌ သတ်မှတ်စည်းကမ်းများ နှင့်အညီစျေးရောင်း/​စျေးဝယ်များ လိုက်နာစေရေး၊ (mask)မတပ်သောစျေးသည်ထံမှစျေးဝယ်ယူခြင်း မပြုစေရေး အသိပညာပေးခြင်းနှင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသော (A)အဆင့် စားသောက်ဆိုင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ကွင်းဆင်းစစ်ဆေးပညာပေး ဆောင်ရွက်ကြသည်။

အဆိုပါ စစ်ဆေးရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှု့ဆောင်အရာရှိ ဦးမင်းဇော်နှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ မြို့မဈေး၊ အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေးများနှင့် အိမ်ဆိုင်များများအား မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့တို့သည် မြို့ပေါ်ရှိ  စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များကို ကွင်းဆင်း စစ်ဆေးပြီး ဆိုင်ရှင်များနှင့် ဆိုင်တာဝန်ခံများအား စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရမည့် အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေး လုပ်ငန်းများ အစရှိသည့် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကာ သိရှိကြောင်း လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)