အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်သော တောင်သူများ၏ လယ်/ယာမြေများအတွက် မြေယာလျော်ကြေးငွေပေးအပ်

ဥတ္တရသီရိ ဒီဇင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်သော တောင်သူများ ၏ လယ်/ယာမြေများအတွက် မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တောင်သူ များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး တောင်သူ (၂၁) ဦး၏ လယ်/ယာမြေ ၉၈.၆ ဧကအတွက် မြေယာလျော်ကြေးငွေများကို တောင်သူများထံ တာဝန်ရှိသူများနှင့်အတူ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြေယာလျော်ကြေးငွေအဖြစ် သစ်တော(ယာ) (၁)ဧကလျှင် ကျပ် (၂၅၀၀၀၀/-) နှုန်းနှင့် လယ်(၁)ဧကလျှင် ကျပ်(၁၀)သိန်း နှုန်းတို့ဖြင့် တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်

ကျော်စွာဟိန်း (ပြန်/ဆက်)