မောက်မယ်မြို့နယ် ယာယီပျံကျစျေး၌ Mask Campaign ပြုလုပ်

မောက်မယ် ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မိမိရောဂါကို သူတစ်ပါးထံမကူးစက်စေရန်နှင့် Mask အသုံးပြုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ယာယီပျံကျစျေး၌ Mask  Campaign ကို ယနေ့နံနက် ၇နာရီက  စုပေါင်းပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ယာယီပျံကျစျေးတွင် Mask (၁၀၀၀)ကျော်ကို ဒေသခံပြည်များ လက်ဝယ်အရောက် အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)