ကျိုင်းတောင်း ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မသန်စွမ်းသူများအား အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကျိုင်းတောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် "ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများအား လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများအား စောင်၊ အနွေးထည်၊ ဂျိုင်းထောက်၊ တုတ်ကောက်၊ ဘီးတပ်ကုလားထိုင်များနှင့် စားသောက်ဖွယ်ရာများကို ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေ(Access to Health) အဖွဲ့၏ ထောက်ပံ့မှုဖြင့် MSI Reproductive Choices- Myanmar နှင့် ကျိုင်းတောင်း ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ တာဝန်ရှိသူများမှ လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် MSI Reproductive Choices- Myanmar အဖွဲ့မှ ဒေါက်တာ ဖြိုးသူအောင် ဦးဆောင်၍ MSI အဖွဲ့ဝင်(၄)ဦး ကျိုင်းတောင်း ကျန်းမာရေးဌာနမှ ဒေါက်တာဝင်းထက်မွန် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း (၇) ဦး တို့က ပေးအပ်လှူဒါန်းခြင်း ဖြစ်ပြီး မသန်စွမ်းသူ စုစုပေါင်း(၁၃) ဦး ရှိကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)