ထားဝယ် ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမြင့်မားလာသည့်အတွက် အများပြည်သူများအနေဖြင့် Stay Home နေစဉ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲTalk Show အစီအစဉ်ကို ယနေ့နံနက် ၉ နာရီ က ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဇာဇာထွန်း က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အတည်ပြုချက်အရ ကမ္ဘာ့လူဦးရေ၏(၁၀)ရာခိုင်နှုန်းဖြစ်သော လူသန်းပေါင်း(၆၀၀)ခန့်သည် မသန်စွမ်းသူများဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲTalk Show အစီအစဉ် ကျင်းပရခြင်း ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ကြည်သာအောင်ဝင်း က မသန်စွမ်းသူ၏ အခွင့်အရေးနှင့် ဥပဒေရေးရာ မူဘောင်များအကြောင်း၊ မသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်လူမှုဝန်ထမ်းဦးစီးဌာန က ထောက်ပံ့ပေးနေမှုအခြေအနေများ အကြောင်းအား ရှင်းလင်းဆွေးနွေးပြောကြားပြီး မသန်စွမ်းသူအရေး လုပ်ရှားသူ ဦးမျိုးမင်းဦး က ကိုဗစ်-၁၉ကာလအတွင်း မသန်စွမ်းသူများအရေးနှင့် ပတ်သက်၍အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှုများအကြောင်း ၊ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအကြောင်းအားရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် ခရိုင်ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်း က ဆွေးနွေးပြောကြား ပေးပါသော တာဝန်ရှိသူများ အား ကျေးဇူးတင်ရှိကြောင်း နှင့် ဆွေးနွေးပွဲTalk Show အစီအစဉ်များကို ဆက်လက်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)