တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရေး အသိပညာပေး

တန့်ယန်း  ဒီဇင်ဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ မြို့နယ်ရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်၍ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် လမ်းအသုံးပြုသူများ သိရှိလိုက်နာဆောင်ရွက်ရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် အညီ ပြည်သူများ လိုက်နာနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲတပ်စိတ်ဖွဲ့မှ တပ်ကြပ်ကြီး အေးဇော်လတ်နှင့် မြို့နယ်ရဲတပ်ဖွဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များက ၂၀၂၀-ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အပိုဒ်(၇၆)()အရ မော်တော်ဆိုင်ကယ်ကို မောင်းနှင် စီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့/ညအချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရန်အတွက် ဗိုလ်ချုပ်လမ်း မြို့နယ်အရန်မီးသတ်ရုံးရှေ့တွင် ပြည်သူများ သိရှိလိုက်နာ နိုင်ရေးအတွက် အသိပညာ ပေးလျက်ရှိကြောင်း သိရသည်။

 မင်းလွင်ဦး(ပြန်/ဆက်)