သာပေါင်း ဒီဇင်ဘာ ၂၃
သာပေါင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာမှ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ် (၃/၂၀၂၀) သင်တန်းဆင်း အောင်လက်မှတ်နှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ အောင်မင်္ဂလာ ကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့ညနေ ၃ နာရီအချိန် က ကျင်းပခဲ့သည်။
အခမ်းအနားတွင် သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးမှူး ဒေါ်၀တ်ရည်စိုးမှ အသက်မွေး ၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးရွှေဘအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် သင်တန်းဆင်းအောင်လက်မှတ်များနှင့် ထူးချွန်ပထမဆုရ သင်တန်းသူ ဒေါ်တင်မိုးဆွေ၊ ထူးချွန် ဒုတိယဆုရ ဒေါ်အေးသူဇာ၀င်း၊ ထူးချွန်တတိယဆုရ ဒေါ်လဲ့လဲ့နိုင်တို့ကို တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသူ ဒေါ်တင်မိုးဆွေနှင့် တောင်ကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး၀င်းထွန်း တို့က ကျေးဇူးတင်၀မ်းမြောက် စကားများ ပြန်လည် ပြောကြားခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာမှ ဖွင့်လှစ်သော အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း အမှတ်စဉ် (၃/၂၀၂၀) သင်တန်းဆင်းအောင်လက်မှတ်နှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်များနှင်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း ၊ သာပေါင်း(ပြန်/ဆက်)