ကျောက်ပန်းတောင်းမြို့တွင် Quarantine ဝင်ရောက်နေသူများအနက်(၇၂)ဦး ဆေးရုံတက်ရောက်ဆေးကုသနေသည့် အနံ့ပျောက်သူ(၁)ဦးနှင့် ဆရာဝန်(၂)ဦး ပေါင်း(၇၅)ဦးကို Swab ယူစစ်ဆေးရာမှ (၃)ဦးတွင်ကိုဗစ်-၁၉ ပိုးတွေ့ရှိ

ကျောက်ပန်းတောင်း၊ဒီဇင်ဘာ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေ သူ(၁၄၆)ဦးမှ ပထမအကြိမ် Swab ယူစစ်ဆေးရန်ကျန်ရှိသူ(၁၄)ဦး၊ ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူစစ်ဆေးရန်ကျန်ရှိသူ(၅၈)ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့် ဆေးရုံတက်ရောက်ကုသနေသူ(၁)ဦး နှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ဆရာဝန်(၂)ဦး စုစုပေါင်း(၇၅)ဦးကို၊ ဒီဇင်ဘာ(၂၁)ရက်နေ့တွင် SWAB နမူနာရယူ၍ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦး ပေါင်း(၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာများမှာ ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာနေသူ(ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ပြန်) အမျိုးသား(၁)ဦး ၊ကန်ပေါက်အုပ်စု ခွေးတောက်ပင်ကျေးရွာနေသူ (ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာမြို့နယ်ပြန်) အမျိုးသမီး(၁)ဦးနှင့်  အနံ့မရရှိသဖြင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည့် ဘူတာရပ်ကွက်မှ အမျိုးသမီး(၁)ဦးပေါင်း (၃)ဦးဖြစ်ကြောင်းသိရပြီး၊ ၎င်းပိုးတွေ့လူနာများအနက် Quarantine ဝင်ရောက်နေသူ(၂)ဦးအား ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး၊ ၎င်းတို့နှင့် ထိစပ်မှုရှိသူများကို စုံစမ်းဖော်ထုတ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း Quarantine Centre သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှသိရသည်။

နေအောင်(ပြန်/ဆက်)