မန္တလေး၊ ဒီဇင်ဘာ ၂၃
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက်အမှတ် (၄၀၅-A) အုပ်ကျင်းရပ်ရှိ ဦးဟိန်းထက်အောင် ပိုင်ဆိုင် သော နေအိမ်တွင် ဒီဇင်ဘာလ (၂၃)ရက် နံနက်(၁နာရီခွဲခန့်က ဝေဖာထုပ်များအား အပူပေးပါကင်ထုတ် ထပ်ထားရာမှ အောင်းအပူဖြစ်ပွားပြီး ဝေဖာထုတ်များနှင့်အနီးရှိ ကြေငြာစက္ကူများမှတဆင့် မီးလောင်မှုဖြစ်ပွားသောကြောင့် ကျပ်သိန်း (၁၂၀)ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၂၀×၂၀)ပေ ပျဉ်ထောင်(၂)ထပ်အိမ် (၁)လုံး၊ (၂၅×၄၀)ပေ သွပ်မိုး၊ ပျဉ်ထောင်(၂)ထပ်အိမ် (၁)လုံး၊ ဆိုင်ကယ် (၄)စီး၊ TOYOTA Mark II (၁)စီး၊ TOYOTA Hiace Super Custon (၁)စီးနှင့် အတွင်းပစ္စည်းများ မီးလောင်ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းတစ်ရာနှစ်ဆယ့်ကိုးသိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတ်မှတ်ခဲ့ပြီး မီးလောင်မှုအား တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ Level -2 အဆင့်သတ်မှတ်ပြီး မီးငြိမ်းသတ်ယာဉ် (၁၇)စီး၊ ရေသယ်ယာဉ် (၈)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၆၀)ဦးအရန် မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦးတို့က ငြိမ်းသတ်ခဲ့ရာ (၂)နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ၂နာရီ၅မိနစ်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပိုင်ရှင်၏ ညီဖြစ်သူ ရင်ဘက်ဝဲယာ၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သောကြောင့် မန္တလေးပြည်သူ့ ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ရပြီး ပိုင်ရှင် ဦးဟိန်းထက်အောင်အား မဟာအောင် မြေမြို့နယ် အမှတ်(၇) ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်