မန္တလေး ဒီဇင်ဘာ ၂၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ အကွက် (၁၅၉) တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာများနှင့် အနံ့မရရှိသူများ များပြားလာသဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ Semi-Lockdown ချထား၍ အသွားအလာများ ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက် (၁၅၉)၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ ၈၃ လမ်းနှင့် ၈၆ လမ်းကြားရှိ ဒူးကြားလမ်းအတွင်း နေထိုင်ကြသည့် အိမ်ခြေ (၂၆) အိမ်၊ အိမ်ထောင်စု (၂၈) စု၊ စုစုပေါင်းလူဦးရေ (၁၂၆) ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ Semi-Lockdown ဧရိယာအတွင်း၌ ပညာရေးဝန်ထမ်း(၁)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၁)ဦး၊ စည်ပင်ဝန်ထမ်း(၁)ဦး၊ စုစုပေါင်း ဝန်ထမ်း(၃)ဦးတို့ ပါဝင်နေထိုင်နေပြီး Semi-Lockdown ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်ထိ ၁၄ ရက်ကြာချထားပြီး အသွားအလာများ ကန့်သတ်ထားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို ထံမှ သိရသည်။
ဇော်လင်းဦး (အောင်စံ)