ဘိုကလေး ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဘိုကလေးမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ မသန်စွမ်းသူ (၁၈၇၂)ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများ၊ ဆွံ့အနားမကြားသူများနှင့် မျက်မမြင်သူများအား ထောက်ပံ့ ပေးခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ရန်ကျန်ရှိသည့် မသန်စွမ်းသူ (၇၈၇)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)