မိုင်းရှူးမြို့နယ် ဝမ်ကန်-နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

မိုင်းရှူး ဒီဇင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ဝမ်ကန်-နမ့်ဆတ်- ဟိုဆိုင်ကျေးရွာ ချင်းဆက်မြေသား လမ်း(၃/၀)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမြေသားလမ်းမှာ လမ်းအရှည် (၉/ဝ)မိုင်ရှိရာ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေကျပ် (၁၁၄. ၃၄၅)သန်းဖြင့် မြေလမ်း(၃/ဝ)မိုင်၊ကျပ်(၂၆.၅၅)သန်းဖြင့် (၁၂)ပေကွန် ကရစ်တံတား (၁)စင်းနှင့် (၅)ပေBox Culvert(၂)စင်း ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကာ ယခု၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၅.၄) သန်း ဖြင့် မြေသားလမ်း ဆက်လက်ဖောက်လုပ် လျက်ရှိကြောင်း သိရသည်။

ယခုဖောက်လုပ်လျက်ရှိသောဝမ်ကန်- နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်းဆက် မြေသားလမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း (၃/ဝ) မိုင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်မြေသားလမ်း(၃/ဝ) မိုင်ဆောင်ရွက်လျက်ရှိရာ၊ ကျန်(၃/၀) မိုင်ကို လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းတွင် ဆက်လက်လျာထားသွားမည်ဖြစ်ကြောင်း သိရသည်။

ဝမ်ကန်- နမ့်ဆတ်-ဟိုဆိုင်ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပြီးစီးပါက နမ့်ဆတ်ကျေးရွာအုပ်စု၊ ဟိုဆိုင်ကျေးရွာအုပ်စုအပြင် ၎င်းလမ်းနှင့်တစ်ဆက်တည်းဖြစ်သော ဟွေဟေးအုပ်စုမှတစ်ဆင့် မိုင်းစံမြို့သို့ လမ်းခရီးပေါက်မည် ဖြစ်ပြီး ကျေးရွာအုပ်စု(၃) အုပ်စု၊ ကျေးရွာ(၁၆) ရွာ၊ အိမ်ခြေ (၄၆၂၉)အိမ်၊ အိမ်ထောင်စု(၄၅၈၁)စု၊ လူဦးရေ (၁၈၀၂၁)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)