တောင်သာ ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်(၇) နာရီခွဲ အချိန်က နာရီစင်လမ်းဆုံနှင့် မြစည်းခုံဘုရားကြီးဈေးတို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ Online ပရဟိတအသင်း တို့ပူးပေါင်း၍ နာရီစင်လမ်းဆုံနှင့် မြစည်းခုံဘုရားကြီးဈေးတို့တွင် Surgical Mask အခုရေ (၂၀၀၀) ဖြန့်ဝေ ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရေးပါသော အချက်များဖြစ်သည့် အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ မကြာခန လက်ဆေးကြောရန် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် လိုအပ်၍အပြင် ထွက်ပါကလည်း လူစုလူဝေးရှောင်ကြဉ်ကြရန် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)