ကျိုင်းတုံ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသခံပြည်သူများအား ကူးစက်မှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာကြစေရန် မျက်နှာ နှာခေါင်းစည်းအကာများ အခမဲ့ဖြန့်ဝေပေးနေမှုကို ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ ပြည်ထောင်စုလမ်းမတစ်လျှောက်၊ မြို့မဈေးတို့တွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့ လူမှုဝန်ထမ်းဦးစီးဌာန ၊လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျိုင်းတုံမော်ကွမ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူတိုင်း Mask တပ်ဆင်သွားလာခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် အဓိကမဖြစ်မနေ လိုအပ်ချက်ဖြစ်၍ ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သိရှိရသည်။
ငုချိုချိုကျော်