ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးအသစ်ဖွင့်လှစ်

ရမည်းသင်း ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးအသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးသစ်အား မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့် ရမည်းသင်းခရိုင် အလုပ်သမား လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါ ရုံးအဆောက်အဦသည် (၆၀'×၄၀×'၂၈') ပေ RC (၂) ထပ်ဖြစ်ပြီး ပြည်ထောင်စု ဘတ်ဂျက်ရံပုံငွေ ၁၂၇.၂ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂) အဆောက်အအုံ အထူးအဖွဲ့ (၆) မန္တလေးမြို့ တာဝန်ယူ တည်ဆောက်ထား ကြောင်း သိရသည်။

ဇော်ဝင်းအောင်