သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား လှည့်လည်အသိပေးနှိုးဆော်

သီပေါ ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီအချိန်က  မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် သီပေါမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရှိရမည့် အချက်များဖြစ်သည့် ဆိုင်သို့ရောက်ရှိလာသည့် စားသုံးသူများကို ဆိုင်အဝင်ဝတွင် အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ အပူအချိန်မြင့်တက်နေပါက ဆိုင်ထိုင်စားသောက်စေခြင်း မပြုစေဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာတွင် စောင့်ဆိုင်းရန်၊ လက်ဆေးကန်များ ဆိုင်အဝင်တွင် ထားရှိပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ထားရှိပေးခြင်းများ ပြုလုပ်ဆောင်ရွက်ထားကြရန်စသည့် အချက်များနှင့် စားသောက်ဆိုင်တာဝန်ရှိသူများ၊ ဝန်ထမ်းများလိုက်နာ ဆောင်ရွက်ရမည့်အချက်များဖြစ်သည့်  စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများအားလုံး နေ့စဉ်ကိုယ်အပူချိန် တိုင်းတာစစ်ဆေးကြရန်၊ ဝန်ထမ်းများအား ကိုဗစ်၁၉ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းနှင့် ဝန်ထမ်း အချင်းချင်း အသိပေး ပြောကြားရန် မှာကြားထားစေခြင်း စသည့် လိုက်နာရမည့်အချက်များအား လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

သီပေါမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီမှုရှိ/ မရှိကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့်ပြုရန်သင့်တော်သည့်ဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)