ညောင်ရွှေ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်၊ ညောင်ရွေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဒေသတွင်းရှိ မွေးမြူရေးတိရစ္ဆာန် များ အား ရောဂါကာကွယ်ဆေးများ ထိုးနှံမှုလုပ်ငန်းများကို ယခုလဆန်းပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အတွင်းရှိ မွေးမြူရေးတိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံတိရစ္ဆာန် ကျန်းမာရေး လုပ်သား ဝန်ထမ်းများက မိမိတို့တာဝန်ကျရာ ကျေးရွာအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ နွားကောင်ရေ (၁၀၀၀)ကျော်၊ ဝက်ကောင်ရေ (၅၀၀)ကျော်နှင့် ကြက်ကောင်ရေ (၆၀၀၀)ခန့်တို့အား ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိနေ သေးသည့် မွေးမြူရေးတိရစ္ဆာန်များကို ယခုဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိရသည်။
စိုင်းအယ်ဘဲ